User:ရဲမြတ်အောင်/sandbox/Myanmar Thanakha Practice

From Wikipedia, the free encyclopedia

New article name goes here new article content ...


References[edit]

Publication in English 1. Food and Agriculture Organization (2019), Forest Futures: Sustainable Pathway for forests, Landscapes and People in the Asia-Pacific Region, Asia- Pacific Forest Sector Outlook Study III,Bangkok,p.82. 2. Htet Htet Zaw, Yee Yee Thu (2019), Isolation, Identification and Antimicrobial Activities of Endophytic Fungal Strains From Different Parts of Hesperethusa Crenulata (Roxb.) Roem, Journal of the Myanmar Academy of Arts and Science, Vol.XVII.No.4, Ministry of Higher Education, pp. 229 - 247 3.Nwe Nwe Aung (2014), Evaluation of Myanmar Thanakha (Hesprethusa Crenulata (Roxb.)M.Roem) and Processing of its, Journal of Perspectives on Development Policy in the Greater Mekong Region, Volume 2, Number 2, Chiang Rai Rajabhat University, Thailand, pp. 108 – 118. 4.Tin Mar Lar Thein (2014), Enhanced Extraction of Bioactive from Thanakha and their Applications in Making Soap, Master’s Thesis on Engineering in food Engineering and Bioprocess Technology, Asian Institute of Technology, Thailand. 5.Tin Lay Lwin, Ohn Mar Swe, Thida Win (2010), Elemental Analysis of Myanmar Natural Thanakha Samples by Using EDXRF, Hithada University Research Journal,Vol.2.No.1, pp. 8– 17. 6. Thet Ni Moe, Khin San Yee, Sanda Tun (2020), Analysis by the EDXRF Method of Myanmar Thanakha Samples, Kyaukse University, pp.10 (Research Paper for Thanakha Nomination). 7. World Bank Group (2016), Livelihoods and Social Change in Rural Myanmar, Round Five Report, p.24. Publication in Myanmar 1.Ashin Nagathein (1971), Illustrated Medicinal Dictionary.Vol.3, Myanmar Pyi Publishing House, Yangon, pp. 353-355. 2. Interesting Fact on Thanakha and Planting Method, Ministry of Agriculture, Livestock and Irrigation. 3.Myanmar Encyclopedia (1960), Vol.2 (A), Sarpay Baikman Publishing House, Yangon, pp. 51-52. 4.Myanmar Encyclopedia (1972), Vol. 12, Sarpay Baikman Publishing House, Yangon, pp. 479 – 481. 5.Myanmar Thanakha Magazine, (2019). Association of Myanmar thanakha. 6.Tin Hla(1966), Myanmar Studies, Aung Myo Nyunt Publishing House, Yangon, pp 156-174. 7.Tha Hla (1974), Myanmar Thanakha , Sarpay Baikman Publishing House, Yangon. Website https://www.unesco-ichcap.org/thanaka-a-traditional-beauty-commodity-in-myanmar/ https://www.gomyanmartours.com/tanaka-beauty-treament -myanmar-women/ https://docs.google.com/forms/d/1KufOgndOVOLFGvlFbyNLe_pQyQjMbivJg0BN_rOnBKo/edit https://www.mchms.gov.mm https://www.moi.gov.mm/npe/nlm/?q=content/22-feb-20 ရဲမြတ်အောင် (talk) 08:27, 3 June 2020 (UTC)

External links[edit]

မြန်မာ့သနပ်ခါးယဉ်ကျေးမှု Practice of Myanmar Thanakha Culture

မြန်မာနှင့်သနပ်ခါးသည်ခွဲခြား၍မရသည့်မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့လူ့အဖွဲ့ အ စည်းအတွင်းသနပ်ခါးလိမ်းသည့်အလေ့အကျင့်ကိုရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟုယူဆထားကြသည်။သနပ်ခါးယဉ်ကျေးမှုဆိုင်ရာရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် ၊အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့ သည့်မြင်းကပါကူပြောက်ကြီး ဘုရားနံရံ ဆေးရေး ပန်းချီများ တွင်လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့်စူဠာမဏိဘုရားအတွင်းနံရံပန်းချီများတွင် လည်းကောင်း ခေတ် အဆက်ဆက် တည်ထောင်ခဲ့သောဂူဘုရား၊များရှိနံရံပန်းချီများတွင်လည်းကောင်း သနပ် ခါးလိမ်းခြယ်သည့် ဓလေ့ ကိုသရုပ်ဖေါ်ရေးဆွဲထားသည်ကိုတွေ့ရှိရပါသည်။ ထို့အပြင် မြန်မာတို့၏ရိုးရာရှေးရိုးပုံပြင် ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများ တွင်လည်း သနပ်ခါး ဓလေ့ကို ဖေါ်ပြခဲ့ကြသည်ကို ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည့် ပျို့၊ကဗျာ၊ဧချင်း၊ အိုင်ချင်း၊ မောင်းထောင်းတေး၊လမိုင်းလယ်သူဟန်ချင်း၊တေးထပ်များတွင် မြန်မာလူ့အဖွဲ့ အစည်း ၏သနပ်ခါး ကိုသုံး စွဲသည့်ဓလေ့များကို ထည့်သွင်း စပ်ဆိုထားသည်ကို တွေ့ရှိရခြင်းဖြင့်သနပ်ခါးကိုမြန်မာလူမျိုးတို့သည်ရှေးနှစ်ပေါင်းထောင်ချီကာလကပင်လိမ်း ခြယ်ရန်အသုံးပြုခဲ့ကြသည်ကိုသိရှိရပါသည်။ မြန်မာနိုင်ငံတွင်သနပ်ခါးစိုက်ပျိုးရှင်သန်ရာနေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊လားရှိုး၊ ကျောက်မဲ၊သီပေါစသည်တို့ဖြစ်သည်။ ပခုက္ကူ၊ရေစကြို၊မြိုင်၊ပြည်၊ရွှေဘို၊မုံရွာ၊စစ်ကိုင်း၊နွားထိုး ကြီး၊တောင်သာ၊အရာတော် မြို့နယ်များတွင်သနပ်ခါးပင်များကိုအများဆုံးတွေ့ရသည်။ မြန်မာ့သနပ်ခါးကိုလိမ်းခြယ်ရာတွင်အချိူ့က အလှအပအတွက်လိမ်းခြယ်ကြသကဲ့သို့ အချို့က အသားအရေထိန်းသိမ်းရန်အတွက်လိမ်းခြယ်ကြသည်လည်းရှိပါသည်။ ကျေးလက် တောရွာနေလယ်သူမကောက်စိုက် သမလေးများ၊ဆောက်လုပ်ရေးလုပ် ငန်းခွင်များမှပန်းရန် သမလေးများကမူ မိမိတို့လုပ်ငန်းခွင် ၏သဘောသဘာဝနှင့်ကိုက်ညီမှုရှိအောင် ပူပြင်းလှ သည့်နေလောင်ဒဏ်ကိုခံနိုင်စေရန် သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်းလေ့ရှိကြပြီး မျက်နှာ ပြင်ကိုလည်းပိန်းပိတ်နေ အောင်လိမ်းခြယ်လေ့ရှိကြပါသည်။ မြန်မာ့သနပ်ခါးသည် မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိသော သနပ်ခါးကို လိမ်းလိုက်ရလျင် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါးလိမ်းထားလျင် နေရောင်ခြည် အပူဒဏ်ကို ခံနိုင်သလို အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေး နိုင်ပါသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသူ အမျိုးသမီး များသည် သနပ်ခါး ကိုအမြတ်တနိုး လိမ်းခြယ်ကြသည်။ ရဲမြတ်အောင် (talk) 08:19, 3 June 2020 (UTC) သနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများပင် လိမ်းလေ့ရှိပါသည်။ ပါးပြင်ထက်ဝယ်သနပ်ခါးပါးကွက်ကြားလေးများ လိမ်းချယ်ထားပါက နေလောင်ဒဏ်ကို ကာကွယ်ရုံမျှမက နေပူရှိန်အောက်တွင် ချွေးကလေးတစို့စို့ သနပ်ခါးနံ့လေး တသင်းသင်းနှင့် စိတ်ကို ပျော်ရွှင်လန်းဆန်းစေ သောသတ္တိထူးများ ရှိသောကြောင့် နေပူတွင် အလုပ်လုပ်ကြ သောကောက်စိုက်သမလေးများ၊တောသူတောင်သားများ၏ လက်သုံး တော်ဖြစ်နေခြင်း ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်သနပ်ခါး၏အရေးပါမှုတစ်ခုမှာ မိခင်က ရင်နှစ်သားသမီးကို ကျားမ မရွေး ရေချိုးသန့်စင်ပြီးလျှင် ကျောက်ပျဉ်ထက်မှ သနပ်ခါးရည် ပျစ်ပျစ်ကို လက်ကလေးဖြင့် သပ်ယူကာနဖူး ကိုလိမ်းကာဘုရားကို အာရုံပြုကာ ဘယ်ညာပါးပြင်ပေါ် လိမ်းခြယ်ပေးလေ့ ရှိသည်။ ကြွင်းကျန်သော ကျောက်ပျဉ်ထက်မှသနပ်ခါးကိုပါးစပ်ထဲထည့်ခွံ့ ပေးလေ့ရှိသည်။ ရင်သွေးငယ်ကိုသနပ်ခါးကျွေးခြင်း ဖြင့် ကလေးငယ်များဖြစ်တတ်သော ကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကိုကာကွယ်သည်။ ထို့အပြင်သနပ်ခါး၏အေးမြမှု၊ မိခင်၏ချစ်ခြင်း မေတ္တာကြောင့် အေးမြမှု နှစ်မျိုးပေါင်းစပ်ပြီးသနပ်ခါး လိမ်းခံရသည့် ကလေးမှာ လုံခြုံနွေးထွေးမှုကိုရစေပါသည်။ထို့အတူအကို၊အမ၊ဦးလေး၊အဒေါ်စသည့် မိသားစုဝင်များက လည်းလက်ဆင့်ကမ်းကာမိမိတို့၏တူ၊တူမ၊ညီ၊ညီမများကိုသနပ်ခါးလိမ်းပေးလေ့ရှိကြသည်မှာမြန်မာ့လူ့အဖွဲ့အစည်း၏သနပ်ခါးယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်ပါသည်။ယင်းကဲ့သို့သနပ်ခါးကိုလိမ်းပေးရင်းနှင့်ကလေးများကိုလူကြီးများကကောင်းမွန်သည့်အမူအကျင့်များရှိစေရန်နှင့်ဆုံးမစကားများကိုပြောကြားလေ့ရှိကြပါသည်။စိတ်ပညာသဘောတရားအရလည်းစိတ်ကြည်လင်နေသည့်အချိန်တွင်အာရုံစူးစိုက်မှုအားကောင်းပြီးမှတ်ဉာဏ်တွေအားကောင်းသည်ဟုစိတ်ပညာရှင်များကဆိုပါသည်။သနပ်ခါး၏မြန်မာ့ လူမှုရေးအစဉ် အလာ အလေ့အထ၊ရိုးရာ ဓလေ့နှင့်ပွဲတော်များတွင် အရေးပါသည့်နေရာမှပါဝင်နေသည်ကို ရိုးရာရာသီအလိုက် ပွဲတော်များတွင်တွေ့မြင်နိုင်ပါသည်။ မြန်မာ့ယဉ်ကျေး မှုပွဲတော် တစ်ရပ်ကို ပုဂံခေတ် (၁၁ ရာစု အေဒီ) မှအစပျိုး ၍မြန်မာ မင်းများလက်ထက်က တစ်ခမ်းတစ်နား ကျင်းပ ခဲ့ကြသည်။ ”မီးဖုန်းလှူပွဲ၊တပို့တွဲ”ဟူသော ဆိုရိုးစကား အတိုင်း တပို့တွဲလတွင် ထိုပွဲတော်ကိုကျင်းပ၍ မီးဖုန်းပွဲတော်ဟုခေါ်သည်။ တပို့တွဲလသည် အအေးဓါတ်လွန်ကဲသဖြင့် ဘုရားရှင်ကိုယ် တော်မြတ်အားနွေးနွေးထွေးထွေး ရှိစေရန်ရည်စူး၍ သနပ်ခါးအတုံးများ၊အကိုင်းအလက်များ ကိုကရမက်၊နံ့သာဖြူနီ စသော အခြားအမွှေးနံ့သာတုံးများနှင့်ရောနှော ကာမီးရှို့ ပူဇော်ခြင်းဖြစ်သည်။ထိုတပို့တွဲလသည်အနောက်တိုင်းပြက္ခဒိန်အရ ဖေဖေါ်ဝါရီလ လယ်ဖြစ် သဖြင့် အလွန် အေးမြသည့် ကာလဖြစ်ရာ လူတိုင်းမီးလှုံနေကြရ သည့်အချိန်ဖြစ်ပါသည်။ ယင်းကာလတွင် ဗုဒ္ဓဘုရားရှင်အား ရည်စူး၍ မီးပုံပွဲကို တပို့တွဲလပြည့် နေ့တွင်ဗုဒ္ဓဘုရားရှင် ကို ရည်မှန်းကာ၊သနပ်ခါး အစရှိသော အမွှေးနံ့သာသားတို့ဖြင့် ဘုရားကိုမီးပူ ဇော်ကြသည်မှာ မြန်မာ တို့၏ယုံကြည်မှု၊ လူမှုရေးအစဉ်အလာ၊ဖေါ်ပြချက်များစသည်တို့တွင်သနပ်ခါး၏ နက်ရှိုင်းစွာပါဝင်နေမှုကိုဖေါ်ပြနေပါသည်။သနပ်ခါး နံ့သာရည်များ နှင့်အထင်ကရပူဇော်မှု တစ်ခုကို သာဓကပြရမည်ဆိုလျင် မန္တလေးမဟာမြတ်မုနိ ရုပ်ပွားတော် ဘုရားကြီးနှင့် မန္တလေးနန်းတော်ရှေ့အောင်တော် မူဘုရားတို့ကိုနေ့စဉ်နံနက် အရုဏ်တက်မျက်နှာတော် သစ်ရာတွင်သနပ်ခါးနံသာရည် များဖြင့် ပူဇော်ခြင်းဖြစ်သည်။ မဟာမြတ်မုနိ ဘုရားကြီးတွင်မျက်နှာ သစ်တော် ရေအတွက်သနပ်ခါးသွေးကာကုသိုလ်ယူကြပြီးနံနက်တိုင်း သနပ်ခါးနံသာရေဖြင့်ပူဇော်လေ့ရှိသည်မှာလည်းသနပ်ခါး၏မြန်မာလူ့အဖွဲ့အစည်းအတွင်းလူမှုရေးအစဉ်အလာအလေ့အထ တစ်ခုအဖြစ်ထင်ရှားပါသည်။ ထို့အပြင် လူငယ်များအကြား လွတ်လပ်ပျော်ရွှင် ချစ်ခင်ရင်းနှီးမှုကိုဖေါ်ပြချက်အနေဖြင့် ယောနယ်ဘက်တွင်လည်း ယောဓလေ့သနပ်ခါးပါးတို့ ပွဲကိုတွေ့ရှိနိုင်ပါသည်။တစ်ရွာမှတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားပွဲတော်များသို့ သွားရောက်ပူဇော်ကန်တော့ကြရာတွင်ရွာခံရှိလူပျို၊အပျိုများမှဘုရား၊ ကျောင်းသို့လာရောက်ပူဇော်ကန်တော့သူတစ်ရွာသူ၊တစ်ရွာသားလူပျို၊အပျိုများအားဘုရား၊ဘုန်းတော်ကြီးကျောင်းအဝင်တွင်သနပ်ခါးလိမ်းပေးကြခြင်း၊မှန်ကြည့်ပြီး ရယ်မောပျော်ရွှင် ဖွယ်ကောင်းသည့် သနပ်ခါးကိုအခြေခံသည့် ရိုးရာဓလေ့ပွဲတော် တစ်ရပ်. ဖြစ်ပါသည်။ သနပ်ခါးပါးတို့ပွဲကို နှစ်စဉ်မြန်မာပြက္ခဒိန်အရသီတင်းကျွတ်လပြည့်ကျော် (အောက်တိုဘာလ ၃၁ ရက်)မှတန်ဆောင်မုန်းလပြည့်ကျော်(နိုဝင်ဘာလ ၂၉ရက်) အထိ ကျင်းပလေ့ရှိပါသည် ။ ထို့အတူ မန္တလေးတိုင်း စဉ့်ကူးမြို့အနောက်ဘက်ဧရာဝတီမြစ်ကမ်း ဘေး ခက်သင်ရွာရှိ ရွှေတောင်ဦးတောင်စေတီတက်လမ်းတစ်လျောက်သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာ လ)တွင်ဘုရားဖူးလာသူနယ်စုံမှပရိသတ်အားရွာသူအပျိုချောများမှကြေးဖလားငယ်ထဲမှ သနပ်ခါးမှုန့်များဖြင့်မျက်နှာအားတို့ဖတ်ရိုက်ပေးကြသည့် ရိုးရာဓလေ့သနပ်ခါး ပါးတို့ပွဲ သည်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သနပ်ခါး၏ လူမှုရေး နှင့်ယဉ်ကျေးမှု ဆိုင်ရာဝိသေသလက္ခဏာတစ်ခုဖြစ်သည်။ မြန်မာ့သနပ်ခါးပင်စိုက်ပျိုးရေးနှင့် သနပ်ခါးယဉ်ကျေးမှုတို့ကို လူငယ်များအကြား ဖြန့်ဝေပေး နိုင်ရန်အတွက် သနပ်ခါးပြတိုက်တစ်ခုကို ရွေပြည်နန်းကုမ္ပဏီက တည်ထောင်ဖွင့်လှစ် ထားသည်ကိုညောင်ဦးမြို့တွင်တွေ့နိုင်ပါသည်။ ထို့အပြင်မြန်မာ့သနပ်ခါးကို တန်ဖိုးထား လျက် မိမိတို့ ၏ရိုးရာယဉ်ကျေးမှုသနပ်ခါးကိုတန်ဘိုးထား ထိန်းသိမ်းကာ ဆက်လက် ရှင်သန်နေစေရေးလက်ဆင့်ကမ်းပေးနိုင်ပေးရေးအတွက် မြန်မာနိုင်ငံ သနပ်ခါးအသင်းကို ၁၁-၁၁-၂၀၁၇ ရက်နေ့ကစတင် တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ သနပ်ခါးအသင်းကို သနပ်ခါးအများဆုံး စိုက်ပျိုးရာဒေသများဖြစ်သည့် အရာတော်၊ ရွှေဘို၊ ကန့်ဘလူ၊မုံရွာ၊မြင်းမူ၊ဘုတလင်၊ကနီ၊ယင်းမာပင်၊ပခုက္ကူ၊မြိုင်၊ ရေစကြို၊ ပေါက်စသည့် သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအားလုံးနှင့်လည်းကောင်း၊ စစ်တွေ၊လင်းခေး ဒေသတို့မှသနပ်ခါးထုတ်လုပ်ရောင်းဝယ်သူများ၊ရန်ကုန်၊မန္တလေးနှင့် နေပြည်တော် မြို့ကြီး များမှ သနပ်ခါး ကုမ္ပဏီကြီးများပါဝင်ဖွဲ့စည်းခဲ့ပြီး သနပ်ခါးကို ကုန်ကြမ်း၊ ကုန်ချော ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျှက် ရှိသည့်အပြင် သနပ်ခါး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း လျှက်ရှိပါသည်။ ယခုခေတ်တွင် အမျိုးသမီးလေးများသည် မိတ်ကပ်ကို အောက်ခံအဖြစ် အသုံးပြုကာ အပေါ်မှ သနပ်ခါးကို ထပ်၍ လိမ်းကြပါသည်။ ယခုအခါ သနပ်ခါးကို သဘာဝအတိုင်း သွေးပြီးလိမ်းရုံ သာမက အလှကုန်များအနေဖြင့် ထုတ်လုပ်သုံးစွဲလာကြ သည်ကို တွေ့ရပါသည်။ သနပ်ခါးကို ခေတ်နှင့်အမီသနပ်ခါးမှုန့်၊ သနပ်ခါးပေါင်ဒါ၊ သနပ်ခါးရေမွှေး၊ သနပ်ခါးမိတ်ကပ် တို့ကိုပါ ထုတ်လုပ် သုံးစွဲလာကြခြင်းဖြင့် မြန်မာမိန်းကလေးများအကြားသနပ်ခါးယဉ်ကျေးမှု သည်ဆက်လက်ရှင်သန်လျက်ရှိပါသည်။ ဤကဲ့သို့မြန်မာ့လူ့အဖွဲ့အစည်းတွင် အရေးပါသောသနပ်ခါးအားရပ်ရွာလူ့အဖွဲ့အစည်းက တန်ဘိုးထား ထိန်းသိမ်း စောင့်ရှောက် မှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးအများဆုံး စိုက်ပျိုးရာ ဒေသမြို့နယ် များဖြစ်ကြသောအရာတော်၊ရွေဘို၊ကန့်ဘလူ၊မုံရွာ၊မြင်းမူ၊ဘုတလင်၊ ကနီ၊ယင်းမာပင်၊ပခုက္ကူ၊မြိုင်၊ရေစကြို၊ပေါက်စ သည့် မြို့နယ်များမှသနပ်ခါးစိုက်ပျိုး ထုတ် လုပ်သူများ၊ စစ်တွေ၊ လင်းခေး၊ဒေသများမှသနပ်ခါးထုတ် လုပ်သူများ၊ရန်ကုန်၊မန္တလေး၊ နေပြည်တော် မြို့ကြီးများ မှသနပ်ခါးကုမ္ပဏီများပါမကျန် သနပ်ခါးစိုက် ပျိုးထုတ် လုပ်ရောင်းချသူများအားလုံးပါဝင်သည့် မြန်မာနိုင်ငံသနပ်ခါးအသင်းကိုတည်ထောင်ခဲ့ပြီး သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရေးကို စနစ်တကျတိုးတက်ဖွံ့ဖြိုးလာစေရန် ၊ ပြည်သူ များ သနပ်ခါး အစစ်ကိုသုံးစွဲနိုင်စေ ရန်၊ သနပ်ခါးအသုံးပြုမှုရေရှည် တည်တံစေရန်တို့ ကိုဆောင် ရွက်လျက်ရှိ ပါသည်။ အဆိုပါအသင်းကြီးမှ သနပ်ခါးကိုမြတ်နိုး တန်ဘိုးထား လျက်ရိုးရာ ယဉ်ကျေးမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက်သနပ်ခါးလှပျိုမေပြိုင်ပွဲများနှင့်သနပ်ခါးစျေးရောင်းပွဲတော်များကျင်းပခြင်း၊သနပ်ခါးနေ့အဖြစ်သတ်မှတ်ကာအခမ်းအနားများကျင်းပခြင်းတို့ကိုဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့ရိုးရာပြက္ခဒိန်အရတပို့တွဲလပြည့်နေ့တွင်ဗုဒ္ဓဘုရားရှင်ကိုရည်စူးကာ သနပ်ခါးသားဖြင့် မီးပူဇော်သည် ကိုအကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံသနပ်ခါးအသင်းက သတ်မှတ်ပြီး သနပ်ခါးဆိုင်ရာသိကောင်းစရာများ ဟောပြော ဆွေးနွေးခြင်း၊သနပ်ခါးဆိုင်ရာ လက် ကမ်းစာစောင်များဖြန့်ဝေခြင်း၊စတုဒီသာကျွေးမွေးခြင်း၊ ဗုဒ္ဓဘုရားကိုရည်မှန်းကာ သနပ်ခါးအ စရှိအမွှေးနံ့သာသားတို့ဖြင့်တန်ခိုးကြီးဘုရားများတွင် ပူဇော်ခြင်း၊သနပ်ခါးစျေးရောင်းပွဲတော်များကျင်းပခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာ့ သနပ်ခါးနေ့ကိုကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များမှာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာ ကောင်းကိုထိန်းသိမ်းစောင့်ရှောက်သွား နိုင်ရန်၊မြန်မာ့သနပ်ခါးကို မြတ်နိုးတန်ဖိုးထားမှုရှင် သန်ဖွံ့ဖြိုးလာစေရန်၊ မြန်မာ့သနပ်ခါး သည်အလှအပအတွက်လိမ်းခြယ်ခြင်း နှင့်အတူ ကျန်းမာရေးကိုပါအထောက် အကူ ဖြစ်စေသည်ကိုသိရှိလာစေရန်၊မြန်မာ့သနပ်ခါး၏ ဆေး စွမ်းကောင်းများကိုမြန်မာပြည်သူတို့ သိရှိလာစေခြင်းနှင့်အတူကမ္ဘာ့နိုင်ငံအသီးသီးရှိပြည် သူများနားလည်သိရှိတန်ဘိုးတတ်လာစေရန်၊ထိုမှတစ်ဆင့်မြန်မာ့သနပ်ခါးကိုကမ္ဘာ့စျေးကွက်မှာထိုးဖေါက်ရောင်းဝယ်မှုပြုလာခြင်းဖြင့်မြန်မာပြည်သူတို့၏စီးပွားရေး၊လူမှုရေးမြင့်မားလာစေရန်စသောအကျိုးထူးများဖြစ်လာစေရန်အတွက်ဟူ၍ဖြစ်ပါသည်။ မြန်မာ့သနပ်ခါးအသင်းသည်မြန်မာ့သနပ်ခါးကိုနိုင်ငံတကာသို့ပျံ့နှံ့ရောက်ရှိစေရေး၊မြန်မာ့ သနပ်ခါးပြည်ပစျေးကွက်သို့ထိုးဖေါက်ရောက်ရှိရေးအတွက် NGO အဖွဲ့တစ်ခုဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ၊ Helvetas Myanmar နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသနပ်ခါးအသင်း၏စာရင်းအရ မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ဧက ပေါင်း ၃၂၃၀၀၀ ဧကရှိသည်ဟုသိရသည်။ သနပ်ခါးပင်၏သဘာဝအရ အပူပိုင်းဒေသတွင်သာပေါက် ရောက်ရှင်သန်သည်ဖြစ်ရာ သနပ်ခါးစိုက်ဧကများတိုးပွားလာခြင်း ကြောင့် မိုးရေချိန် လက်မ များလည်းသိသာစွာတိုးတက်လာခဲ့သဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးကိုလည်း တစ်ဖက် တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။ သနပ်ခါးစိုက်ပျိုးထုတ်လုပ်မှု ကို စံနမူနာယူနိုင်ရန်ရည်ရွယ်၍ စံပြသနပ်ခါးစိုက်ခင်းများကို မကွေးတိုင်းဒေသကြီး တွင် ပခုက္ကူ၊ရေစကြို၊မြိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အရာတော်၊ဒီပဲယင်း၊မြို့များတွင်စိုက်ပျိုး ပညာပေးလျက်ရှိသည်။ အဆိုပါစံပြခြံများသာမက ပြည်တွင်းသနပ်ခါးကုမ္ပဏီကြီးတစ်ခု ဖြစ် သည့် ရွှေပြည်နန်း ကုမ္ပဏီက ၂၀၀၇ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ညောင်ဦးမြို့အနီး၌အကြီးဆုံးသနပ်ခါးစိုက်ခင်းခြံကြီးတစ်ခြံ ကိုတည်ထောင်ထားသည်။ ယင်းခြံကြီးမှာ ဧက ၁၅၀ ကျော်ရှိပြီး သနပ်ခါးမျိုးပေါင်း ၄ မျိုး ပါဝင်ပြီး အပင်ပေါင်း ၄၀၀၀၀ ရှိပါသည်။ သနပ်ခါး ကိုအလှအပအတွက်သာမက မြန်မာ့ရိုးရာတိုင်းရင်းဆေးအတွက်လည်းအသုံးပြုကြ သည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းများအရသနပ်ခါးသည် ပူ၏။သွေးကိုကြွစေ၏။ သနပ်ခါးသည်ပူ၊ခါး၊ချုပ်၊ပွင့်ဖြစ်၏။ငန်းမန်းကိုနိုင်၏။အပူနာ၊အအေးနာနှစ်မျိုးလုံးတွင်သုံးနိုင်သည်။အပွင့်နာကိုမသုံးရပါ။လိမ်းလျင်ပွင့်အေး ၍ ချွေးရ၏။ကျောက်ရောဂါကိုနှိမ်နှင်းနိုင်၏။ သနပ်ခါးမြစ်ကို ဝမ်းနှုတ်ဆေး၊ချွေးထုတ်ဆေး၊များနှင့်ပတ်သက်သောရောဂါ(သို့မဟုတ်) ဝမ်း ဗိုက်နာနှင့်သက်ဆိုင်သည့်ရောဂါများနှင့်နှလုံးရောဂါအတွက် နှလုံးအားပေးသောဆေးအမယ် အဖြစ်အသုံးပြုသည်။သနပ်ခါးအသီးကိုအဆိပ်ဖြေဆေး၊ကျောက်ရောဂါကာကွယ်ဆေးအ တွက်အသုံးပြုသည်။သနပ်ခါးအရွက်ကို ဝက်ရူးပြန်ရောဂါကာကွယ်ဆေး၊အနာကြီး ရောဂါ၊ ငှက် ဖျားရောဂါပျောက်ဆေးများအတွက်အသုံးပြုသည်။ ထို့အပြင် သနပ်ခါးကို မြန်မာနိုင်ငံရှိတက္ကသိုလ်များနှင့်ပြည်ပတက္ကသိုလ်များ၊အဖွဲ့အစည်းများ က သိပ္ပံနည်းကျ ဓါတ်ခွဲသုတေသန ပြုမှုများ ဆောင်ရွက်ရာတွင်လည်းသနပ်ခါးသည် လူ့ ခန္ဒာ ကိုယ်အကျိုးပြုဒြပ်ပေါင်းများ (Bioactive compounds) ပါဝင်ကြောင်း၊ ဘေးထွက်ဆိုးကျိုး များပါဝင်မှုမရှိကြောင်း၊အလှကုန်ပစ္စည်းများအတွက်ကိလိုအပ်သောအရင်းအမြစ်များပါရှိ ကြောင်း၊ ထိုအချက်များအရ သနပ်ခါးကိုစိတ်ချယုံကြည်စွာအသုံးပြုနိုင်ကြောင်းတို့ကိုသု တေသနပြုပြီးထောက်ခံရေးသားမှုများအများအပြားရှိပါသည်။ အထက်ပါအချက်များအရ မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာခဲ့ကြသည့်ရိုးရာဘာသာစကားနှင့်စာပေအရေးအသားများ၊ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊လူမှုရေးအစဉ်အလာအလေ့အထများ၊ရိုးရာဓလေ့များနှင့်ပွဲတော်များ၊သဘာဝနှင့်စကြဝဠာဆိုင်ရာဗဟုသုတနှင့်ရိုးရာအစဉ်အလာဓလေ့များရိုးရာလက်မှုပညာရပ်များစသည့်နယ်ပယ်စုံတွင်ပါဝင်သက်ဆိုင်လျက်ရှိသည့်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါသည်။မြန်မာတစ်မျိုးသားလုံးအနေဖြင့်မြန်မာ့သနပ်ခါးကိုမြတ်မြတ်နိုနိုးတန်ဘိုးထားလျက်ပျောက်ကွယ်မသွားစေရန်အစိုးရ၊ပြည်သူများ၊သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများကတစ်ဦးနှင့်တစ်ဦးလေးစားချစ်ခင်လွတ်လပ်ပွင့်လင်းစွာဖြင့်ပူးပေါင်းဆောင်ရွက် လျက်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်းတင်ပြ လိုက်ရပါသည်။