User:Wai Phyo Sint

From Wikipedia, the free encyclopedia

ဝေဖြိုးဆင့်

ဦးဝေဖြိုးဆင့်ကို (၁၉၈၁)ခုနှစ် ဇွန်လ(၉)ရက်နေ့တွင်အဖ ဦးမောင်မောင်ဆင့်၊ အမိ ဒေါ်မွှေးတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း(၃)ယောက်တွင် အကြီးဆုံးသားဖြစ်သည်။

ငယ်စဉ်ဘဝ

အမှတ်(၉)အ.မ.က (မုံရွာ)တွင် ပညာသင်ကြားခဲ့သည်။ အလယ်တန်းနှင့် အထက်တန်းဆင့်ကို အ.ထ.က(၃)မုံရွာ မှ အောင်မြင်ခဲ့သည်။ မန္တလေးအဝေးသင်ဌာနခွဲမှ (၂၀၀၃)တွင် ရူပဗေဒဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည်။

အသက်မွေးမှု

(၂၀၀၄)တွင် သလ္လာဆယ်မြောင်းဌာန(မုံရွာ)တွင် စာရေးအဖြစ် အလုပ်ဝင်ခဲ့သည်။ (၂၀၁၁ မှ ၂၀၁၉)အထိ ဟိုတယ်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၀၁၉)မှ ယနေ့အချိန်အထိ (DB)ကိတ်မုန့်လုပ်ငန်းကို ကိုယ်တိုင် လုပ်ကိုင်လျှက် ရှိပါသည်။

စာပေဖြတ်သန်းမှု

စာပေဖြတ်သန်းမှုအဖြစ် (၂၀၀၈)တွင် စာပေစတင်ရေးသားခဲ့ပြီး (၂၀၁၃)ဧပြီလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် စတင်ပုံနှိပ်ဖော်ပြခံရသည်။ ကလောင်အမည်မှာ ရှဥ့်ညိုလေး ဖြစ်သည်။ ၄င်းနှစ် ဇူလိုင်လတွင် ကလောင်ခွဲ ထူးအောင်ဝင့် အမည်ဖြင့် ချင်းတွင်းရွှေပြည် ဂျာနယ်တွင် ဆောင်းပါးစာမူ ပုံနှိပ်ဖော်ပြခံရသည်။ မုံရွာမြို့တွင် ကျင်းပသည့် ကလေးစာပေပွဲတော်(၂၀၁၇)တွင် စာပေဝိုင်းဖွဲ့ဆွေးနွေးပွဲ၌ မုံရွာစာရေးဆရာများနှင့်အတူ ထူးအောင်ဝင့် အမည်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ ယခုအခါတွင် ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်လည်းကောင်း၊ စာပေဘဏ်တိုက်မဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျှက် ရှိသည်။

မိသားစု

ဇနီး ဒေါ်ပြည့်ဖြိုးစံ၊ သား ကောင်းဇေယျာလင်း၊ ကောင်းသုတတို့နှင့် အမှတ်(၄/၉)၊ ပြုံးရိပ်သာယာမိသားစု၊ ကံ့ကော်လမ်း၊ ဘုန်းစိုးရပ်၊ မုံရွာမြို့တွင် နေထိုင်လျှက် ရှိသည်။

ဆက်သွယ်ရန်မေးလ်

htooaungwint.mm@gmail.comWai Phyo Sint (talk) 06:08, 29 September 2020 (UTC) [1]