Jump to content

User:Minhtetmone

From Wikipedia, the free encyclopedia

မင်းထက်မုန်း(ဂျာနယ်လစ်)

မွေးဖွားခြင်းနှင့် ဇာတိ

မင်းထက်မုန်း၏ နာမည်အရင်းမှာ စိုပြေအောင်ဖြစ်သည်။ သူ့ကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။

ပညာအရည်ချင်းနှင့် အလုပ်အကိုင်

မင်းထက်မုန်း(ခ)စိုပြေအောင်သည် မြန်မာစာနောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်သည်။ အလုပ်ကိုင်အဖြစ် ၁၀ တန်းအောင်ပြီး ချောင်းသာဟိုတယ် တစ်ခုတွင် ၄ နှစ်ကြာအလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ရဲတပ်ဖွဲ့မှ အလုပ်ထွက်ခဲ့သူဖြစ်သည်။

ဂျာနယ်လစ်လောကဖြတ်သန်းမှု

မင်းထက်မုန်း(ခ) စိုပြေအောင်သည် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ချိန်အတွင်း မီဒီယာလောကတွင် သတင်းများရေးသားခဲ့သူဖြစ်သည်။ ရဲအလုပ်က ထွက်ချိန်တွင် ဧရာဝတီတိုင်းမ် သတင်းဌာနတွင် သူ၏ ဂျာနယ်လစ်ဘဝကို စတင်ဖြတ်သန်းခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ်တွင် DVB သတင်းဌာနတွင် စတင်အလုပ်လုပ်ကိုင်ပြီး လက်ရှိအချိန်ထိ သတင်းများရေးသားနေသူဖြစ်သည်။

မိသားစုဘဝဖြတ်သန်းမှု

မင်းထက်မုန်း(ခ) စိုပြေအောင်သည် ၂၀၂၁ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး လက်ရှိအချိန်တွင် သားယောင်္ကျားလေးတစ်ဦးရှိနေပြီဖြစ်သည်။

သူသည် အများပြည်သူနှင့်အတူရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည်အတွက် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာကာ တတိယနိုင်ငံ တစ်ခုတွင် နေထိုင်နေရသူလည်းဖြစ်သည်