Jump to content

User:Zan lu hnaung

From Wikipedia, the free encyclopedia

ချွေ​ချွေတာတာအသည်းကွဲခဲ့သည်​ •••••••••••••••••••••••••••••••••••••• ​မျှော်​လင့်​ထားသမျှတို့ပျက်​စီးဆုံးရှုံးသွား​သောအခါ ဖြစ်​​ပေါ်လာ​သောခံစာမှုသည်​ ​ဆောက်​တည်​ရာမဲ့လှ၏။ အ​တွေးတို့ဖြင့်​တည်​​ဆောက်​ခဲ့ရသမျှသည်​ စကားလုံးအနည်းငယ်​မျှနှင့်​ တည်​​ဆောက်​ထားသမျှတို့ကို ပျက်​စီး ​အောင်​ဤမျှအစွမ်းထက်​လိမ့်​မည်​ဟု အနည်းငယ်​မျှပင်​​တွေးမကြည်​ဖူး​ပေ။ရင်​တစ်​ခုလုံး​နောက်​ကျိရှုပ်​​ထွေးပြီး ဦးတည်​ရာမဲ့လှမ်း​လျှောက်​လာမိသမျှ ​ခေါင်းငိုက်​စိုက်​ကျလျက်​။"ကျွန်​မတို့နှစ်​​ယောက်​ရဲ့ဇာတ်​လမ်းကို ဒီမှာပဲ ရပ်​လိုက်​ကြရ​အောင်​"တဲ့​လေ။မကြားချင်​ချင်​ပါဘူးဆိုမှ နားထဲမှာပဲ့တင်​ထပ်​မျှအပြန်​ပြန်​ကြား​ယောင်​​နေမိတာ ကလည်းကိုယ့်​ကိုကိုယ်​​ဒေါသဖြစ်​မိသည်​။ကိုယ်​လိုချင်​တာကလွဲပြီး ကျန်​တာဘာမှဂရုမစိုက်​တတ်​တဲ့သတ္တဝါထဲ မှာမိန်းမဆိုတာထိပ်​ဆုံးကပါ​နေလိမ့်​မယ်​။ဟုတ်​တယ်​။မိန်းမ​တွေအားလုံးဒီသ​ဘောချည်းပဲဟု နာနာကျည်းကျည်း သတ်​မှတ်​ပစ်​လိုက်​သည်​။ဆုံးရှုံးလိုက်​ရတာထက်​မတန်​မရာ​ပေးမိတဲ့ကိုယ့်​အချစ်​​တွေကိုယူကျူံးမရအဖြစ်​ဆုံး။

                                                   •••••••••••••••••••••

ချို င့်​ခွက်​​တွေထ​နေတဲ့လမ်းက မိုးဦးကျဆို​တော့ရွှံ​ဗွက်​ ​ရေစက်​​တွေနဲ့​ရော​နေသည်​။ရုတ်​တရက်​ရွာချလိုက်​သည့်​ မိုးကကျွန်​​တော်​ထက်​ပို၍ဝမ်းနည်းပြ​နေသ​ယောင်​။နောက်​ကျိရှုပ်​​ထွေး​နေသမျှ ဖွင့်​ချခွင့်​ရဖို့ သူငယ်​ချင်း တစ်​​ယောက်​​လောက်​ယခုအချိန်​​ဘေးနားမှာရှိလျှင်​ ​ကောင်းမည်​ဟု​တွေးမိသည်​။သို့​သော်​မရှိ။ "ကလင်​...ကလင်​...ကလင်​" ဘဲလ်​တီးသံကြားလို့လှည့်​ကြည့်​မိ​တော့ ဆိုက်​ကားသမားကလမ်းမဖယ်​ရ​ကောင်းလားလို့​ငေါက်​သည်​။အသည်းကွဲလို့စိတ်​ညစ်​ရသည့်​အထဲ ဆိုက်​ကားသမား​ငေါက်​တာခံရသည်​။ဘာမှပြန်​မ​ပြောဖြစ်​ခဲ့။သ​င်္ဘောဆိပ်​ခံတံတားဘက်​ထွက်​လာပြီး မိုး​ရေထဲ မှာ ​ခြေပစ်​လက်​ပစ်​ထိုင်​ချလိုက်​မိသည်​။ဆိပ်​ခံတံတားလက်​ရမ်းကိုမှီရင်း မျက်​စိမှိတ်​ရင်း​ခေါင်း​မော့ထား လိုက်​မိသည်​။ကျွန်​​တော့်​အ​တွေးတို့ကအတိတ်​ဆီသို့..........။

••••••••••••••••••••••••••••••

သီတင်းကျွတ်​​ကျောင်းပိတ်​ရက်​ပြီးလို့ ကျွန်​​တော်​တာဝန်​ကျရာ​ကျောင်းကိုပြန်​လာတဲ့ လမ်းခုလတ်​တစ်​​နေရာ။ ကျွန်​​တော်​တာဝန်​ကျရာရွာကိုသွားရာမှာလမ်းမှာညအိပ်​ရပ်​နားရမယ့်​ရွာကို​ပြေးဆွဲ​နေတဲ့လိုင်းစက်​​လှေ​ပေါ်မှာသူ့ ကိုစ​တွေ့ခဲ့တာ​ပေါ့။ကျွန်​​တော်​တို့​ဒေသက​ရေလမ်းခရီးကိုအဓိကထားရတဲ့​ဒေသဆို​တော့ တစ်​​နေရာကတစ်​​နေ ရာသွားဖို့အတွက်​စက်​​လှေတို့ သမ္ဗာန်​တို့ကို့အားကိုး​နေရတာပါ။ မိုးစက်​​တို့သည်​ပြင်းထန်​ခြင်းမရှိ​ပေမယ့်​ ပုံမှန်​​တော့ကျဆင်း​နေသည်​။ဂျင်းရှပ်​ခပ်​ပါးပါးတစ်​ထည်​ဝတ်​ပြီး ထီးတစ်​လက်​နှင့်​ စက်​​လှေ​ပေါ်သို့ အလျင်​စလိုတက်​လာသည့်​သူ့အမူအယာသည်​ ချက်​ခြင်းပင်​အိမ်​ပြန်​​ရောက်​ ချင်​​နေသည့်​က​လေးငယ်​တစ်​ဦးလိုပင်​။ ဖတ်​လက်​စစာအုပ်​ထဲစိတ်​မ​ရောက်​နိုင်​ဘဲ သူ့ကို့​စောင်းငဲ့ကြည့်​​နေမိသူက ကျွန်​​တော်​။ကျွန်​​တော်​ရင်​သည်​ လှိုင်းပုတ်​၍လူးလွန့်​​နေသည့်​စက်​​လှေ​လိုပင်​ လှိုက်​၍ခုန်​​နေမိသည်​။ "ဒီက အစ်​ကို...ဟိုဘက်​နည်းနည်း​လောက်​​ရွှေ့ပါလား" ဒီ​ကောင်​မ​လေးကအာသွက်​လျှာသွက်​က​လေးပါလားဟု​တွေးရင်း ကျွန်​​တော်​တစ်​ဖက်​သို့အနည်းငယ်​​ရွှေ့​ပေး လိုက်​သည်​။ပြီး​တော့စိတ်​မဝင်​စားနိုင်​သည့်​စာမျက်​နှာများကိုဖတ်​ရင်း ဖတ်​သာဖတ်​ပြီးဘာမျှပြန်​မမှတ်​မိပဲဖြစ်​​နေ ​သော်​လည်းစာမျက်​နှာများ​ပေါ်မှကျွန်​​တော်​အကြည့်​တို့မခွာဖြစ်​ခဲ့။ဂျင်းရှပ်​ပိုင်​ရှင်​​လေးက​တော့အခြားခရီးသည်​များနှင့်​စကား​တွေ​ဖောင်​ဖွဲ့လို​နေသည်​။ ရွာကလူ​တွေအ​ကြောင်း၊အ​ဆောင်​ကလူ​တွေအ​ကြောင်း အ​ကြောင်း​ရေ​တော်​​တော်​များများပါသည်​။ "ဒုန်း....ဒုန်း...ဒုန်း...ဒုန်း" စက်​​လှေစက်​နိုးလိုက်​သံ​ကြောင့်​ကျွန်​​တော်​ရုတ်​တရက်​လန့်​သွားမိသည်​။ဂျင်းရှပ်​ပိုင်​ရှင်​​လေးကိုငဲ့ကြည့်​မိ​တော့ ပြုံးစိစိနှင့်​ကျွန်​​တော်​အဖြစ်​ကိုကြည့်​ပြီးရယ်​​နေသည်​။ကျွန်​​တော်​အကြည့်​တို့ကိုစာမျက်​နှာများ​ပေါ်သို့ကျွန်​​တော်​ ပြန်​ဆွဲယူလိုက်​သည်​။စက်​​လှေစထွက်​လို့မြစ်​ဝ​ရောက်​တယ်​ဆိုရင်​ပဲ ​လေနဲ့မိုးနဲ့ပြိုင်​တူလာပါ​တော့သည်​။စက်​​လှေ ခမျာဦး​မော့လိုက်​ဖင်​​ထောင်​လိုက်​နှင့်​ထွန့်​ထွန့်​လူးလျက်​....။ ခုနားကစကား​တွေ​ဖောင်​ဖွဲ့​ပြော​နေသည်​ဂျင်းရှပ်​ပိုင်​ရှင်​က​လေးက​တော့ ပါးစပ်​ကပွစိပွစိနှင့်​သတိရသမျှ ရွတ်​​နေ တယ်​ထင်​ပါရဲ့။ကျွန်​​တော်​နှင့်​သူမျက်​လုံးခြင်းဆုံ​တော့ ကျွန်​​တော်​သူကိုကြည့်​ပြီးပြုံးစိစိလုပ်​​နေသည်​ကိုသတိထား မိသွားပြီးနူတ်​ခမ်းကိုမဲ့လျှက်​တစ်​ဖက်​သို့လှည့်​သွားသည်​။ ••••••••••••••••••••°°•••

"ဒီ​ကျောင်းကဆရာ/မ​တွေနဲ့မိတ်​ဆက်​​ပေးရဦးမယ်​" "ဒီဆရာမက ကျွန်​​တော်​တို့​ကျောင်းကိုအသစ်​​ရောက်​လာတဲ့မူလတန်းပြဆရာမ​ဒေါ်ထားထားညို ပါ" ​ကျောင်းအုပ်​ဆရာကြီးကမိတ်​ဆက်​​ပေးမှသူနာမည်​ကိုအတိအကျသိလိုက်​ရ​သည်​။ကျွန်​​တော်​​ကျောင်းထဲဝင်​လာ စဉ်​ကတည်းကသူနှင့်​အကြည့်​ခြင်းဆုံပြီးသား။ကျောင်းဝတ်​စုံဝတ်​မထား၍သာအခြားကိစ္စတစ်​ခုနှင့်​လာသည်​ဟု ထင်​မိခဲ့​သေးသည်​။ဘာမှ​တော့မ​မေးမိခဲ့။သူ့​ဘေးမှာအမျိုးသမီးအသက်​ခပ်​ကြီးကြီးတစ်​​ယောက်​လည်းထိုင်​​နေ ​သေးသည်​။ "ဒီဆရာက ဆရာဦး​အောင်​ကြည်​တဲ့ အလယ်​တန်းပြ​ပေါ့ ဒီ​ကျောင်းမှာ​တော့လုပ်​သက်​အကြီးဆုံးပဲ ဒီတစ်​​ကျောင်း တည်းမှာကို ၁၉​နှစ်​​လောက်​ရှိပြီ" "ဟုတ်​ကဲ့ပါဆရာ...​တွေရတာဝမ်းသာပါတယ်​" "ကျွန်​မကိုလည်း လုပ်​ငန်းပိုင်းဆိုင်​ရာကအစ အစစအရာရာ ဆုံးမညွှန်​ကြားပါရှင့်​" စကား​တော်​​တော်​သွက်​သည်​ကိုစက်​​လှေ​ပေါ်မှာ​​တွေ့ကတည်းကသိပြီးသား​မို့သိပ်​မထူး​ပေမယ်​ ယဉ်​ယဉ်​​ ​ကျေး​ကျေးနှိမ့်​နှိမ်​ချချ​ပြောဆိုတတ်​ပုံကို​တော့ကျွန်​​တော်​သ​ဘောကျမိသည်​။ဆရာကြီးကဆက်​၍ဝန်​ထမ်းတစ်​ဦး ချင်းမိတ်​ဆက်​​ပေးသည်​။ "ဒီဆရာနာမည်​က ဆရာစံ​ရွှေတဲ့ " "ကျွန်​​တော်​တို့​ကျောင်းကဆရာ/မအားလုံးက​တော့ဆရာစံဘုလို့ချစ်​စနိုး​ခေါ်ကြတယ်​ အ​ကြောင်းရင်းကို​တော့ဆရာမ​နောက်​​တော့သိပါလိမ့်​မယ်​" ဆရာကြီးကကျွန်​​တော်​အလှည့်​တွင်​ပြုံးစိစိလုပ်​၍ပြည့်​ပြည့်​စုံစုံမိတ်​ဆက်​​ပေးသည်​။ဘာပဲုဖစ်​ဖြစ်​ဝန်​ထမ်းများအား လုံးကိုညီအစ်​ကို​မောင်​နှမရင်းချာလိုသ​ဘောထားပြီးရင်းရင်းနှီးနှီးဆက်​ဆံတတ်​သည်​ဆရာကြီးကို​တော့ ကျွန်​​တော်​တိုအားလုံးကချစ်​ကြပါသည်​။ "ဟုတ်​ကဲ့..​တွေ့ရတာဝမ်းသာပါတယ်​ရှင့်​" "အလုပ်​စဝင်​တဲ့​နေမှာ ​အဖြူအစိမ်း​လေးဝတ်​လာသင့်​တယ်​​လေ ကျွန်​​တော်​အမြင်​​ပြောတာပါ"

ကျွန်​​တော့်​အ​ပြော​ကြောင့်​ဆရာမထားထားညို၏စင်​​ယော်​​တောင်​မျက်​ခုံး​လေးမြင့်​တက်​သွားသည်​။ဆရာမ ထားထားညို၏အမူအယာကိုကြည့်​ပြီးကျွန်​​တော်​ ကြိတ်​ပြီးသ​ဘောကျမိသည်​။ "အဲဒါပဲဆရာမ....ဆရာစံဘုဆိုတာအဲလိုအ​ပြော​တွေ​ကြောင့်​တွင်​လာတာ​လေ ဒါ​ပေမယ့်​ ဆရာဘုက သ​ဘော​တော့​ကောင်းပါတယ်​။လုပ်​ငန်းပိုင်းဆိုင်​ရာကျွမ်းကျင်​တယ်​။အားကိုးလည်းရတယ်​​လေ" ရှည်​ရှည်​​ဝေး​ဝေးရှင်းပြချက်​များအပြီး ဆရာကြီးကဟူးကနဲ့မှုတ်​ထုတ်​လိုက်​​သော​လေနှင့်​အတူ ကျွန်​​တော်​ကို ကြည့်​ပြီး ​ခေါင်းကိုငဲ့​စောင်းပြသည်​။ကျွန်​​တော်​က​တော့ပြုံး​နေလိုက်​ရုံသာ။ •••••••••\\••••••••••••••• "ဆရာစံ​ရွှေကစကား​ပြောရင်​ဂျစ်​ကန်​ကန်​နဲ့​နော်​" "ဟုတ်​တယ်​...ဆရာမရဲ့ဒါကသူ့အကျင့်​ပဲ​လေ စကားကိုကပ်​​ပြောတဲ့​နေရာမှာနှစ်​​ယောက်​မရှိဘူး​လေ... တကယ်​တမ်းကြ​တော့လည်း..သူ​ပြောတာ​တွေကအမှန်​​တွေပါပဲ...မှန်​လွန်းလို့ကိုဘုကလန့်​အဖြစ်​သတ်​မှတ်​တာ ခံရတာ" ဆရာမထားထားညို၏အ​မေးကိုဆရာမခင်​ခင်​​ကျော့က​ဖြေရှင်း​နေခြင်းဖြစ်​ပါသည်​။ကျွန်​​တော်​ကလည်းရှစ်​တန်းအခန်းဝင်​ရန်​ရှိသဖြင့်​အလာ အခန်း​ထောင့်​မှဆရာမနှစ်​ဦး၏အ​ပြောကိုကြားလိုက်​ရခြင်းဖြစ်​သည်​။ "ဘုကလန့်​တို့ဂွသမားတို့အ​ခေါ်ခံရတာစိတ်​ဆိုးစရာမရှိပါဘူး" "ဘာ​ကြောင့်​လဲဆို​တော့ကမ္ဘာ​ကျော်​စာ​ရေးဆရာကြီး​ဂျော့ဘားနာဒ်​​ရှော့(George Betnard Shaw)က​ပြောဘူး တယ်​""​လောက၌ ယဉ်​​ကျေးမှုအမြဲရှိ​နေခြင်း၊တိုးတက်​မှုအစဉ်​ဖြစ်​​နေခြင်းတို့မှာသာမန်​လူတို့​ကြောင့်​မဟုတ်​ ကမ္ဘာ​ပေါ်ရှိဂွသမားများ၏စွမ်းရည်​သတ္တိ​ကြောင့်​သာဖြစ်​သည်​"လိုဆိုခဲ့တယ်​။ ရုတ်​တရက်​ဝင်​​ပြောလိုက်​​သောကျွန်​​တော့်​အ​ပြော​ကြောင့်​ မလုံမလဲဖစ်​ကာအားနာ​နေ​သောမျက်​လုံးများနှင့်​ ဆရာမထားထားညိုကကျွန်​​တော်​ကိုကြည့်​​နေသည်​။အတန်းဝင်​ရန်​ရှိ​နေသည့်​အတွက်​ ကျွန်​​တော်​ဘာမှဆက်​မ​ပြောဘဲရှစ်​တန်းခန်းရှိရာဘက်​သို့သာဆက်​လက်​ထွက်​ခွာခဲ့သည်​။ "ဆရာမရယ်​...ဆရာစံ​ရွှေကိုအားနာစရာကြီး​နော်​" "ရပါတယ်​..ဆရာမရဲ့...ဆရာဘုကဂွကျ​ပေမယ့်​သ​ဘောထားကြီးတာကသူ့ရဲ့အားသာချက်​ပဲ​လေ။အခု ကျွန်​မတို့နှစ်​​ယောက်​​ပြော​နေတာဆရာဘုကြားသွား​ပေမယ့်​သူဘာမှစိတ်​ထဲထားမှာမဟုတ်​ဘူး​လေ။ဒါလည်း သူ့အကျင့်​ပဲ​လေ" ••••••••••••••••••\\••••••••••••••••••• အချိန်​တို့သည်​ပုံမှန်​လည်​ပတ်​​နေကြအတိုင်းလည်​ပတ်​​နေကြသည့်​အ​လျောက်​ စာသင်​နှစ်​တစ်​နှစ်​သည်​လည်း တ​ဖြေး​ဖြေးကုန်​ဆုံးဖို့ပင်​နီးလာ​ပေပြီ။ထို့အတူ ကျွန်​​တော်​တို့​ကျောင်းမှဆရာ/မများမှာလည်းမိမိ​ဒေသရပ်​ရွာသို့ ပြန်​ရမည့်​ရက်​နီးလာ၍​နေ့ရက်​တို့သည်​ကုန်​ခဲလှသည်​ဟုပင်​ ​တွေး​ကောင်း​တွေး​နေကြ​ပေလိမ့်​မည်​။သို့​သော်​ ထိုအထဲတွင်​ကျွန်​​တော်​မပါ​ပေ။ဘာ​ကြောင့်​လဲဟု​မေးလာလျှင်​လည်း​ဖြေစရာအ​ဖြေတို့ကတစ်​ခုမကအဆင်​သင့်​ ရှိ​နေ​ပေသည်​။ကျွန်​​တော်​တွင်​မိဘနှစ်​ပါးမရှိကြ​တော့။အစ်​ကိုတစ်​​ယောက်​​တော့ရှိ​သေး၏ သို့​သော်​လည်းအ​ဝေး မှာဖြစ်​သည်​။ရွာတွင်​အတူ​ပေါင်းသင်း​နေထိုင်​ကြ​သောသူငယ်​ချင်းများလည်းအိမ်​​ထောင်​ကျသူကကျ၊မ​လေးရှား၊ ထိုင်းစ​သောနိုင်​ငံများသို့​ငွေရှာသွားသူကသွားကြ​လေပြီ။ထို့​ကြောင့်​ပင်​ရွာကိုမပြန်​ချင်​ဖြစ်​​နေရသည့်​အထဲ ကျွန်​​တော်​ရင်​ထဲတွင်​ဆရာမထားထားညိုကိုချစ်​​နေမိပြီးသူနှင့်​​ဝေးရမည်​ကပင်​ရွာကိုပို၍မပြန်​ချင်​ဖြစ်​မိသည်​။

အတူလက်​တွဲလုပ်​ကိုင်​ရ​သောကာလတစ်​​လျှောက်​ဆရာမထားထားညိုနှင့်​လည်းပိုမိုရင်းနှီးခဲ့ရသည်​။ဆရာမထား ထားညိုသည်​ အခြားဆရာမတို့ကဲ့သို့ကျွန်​​တော့်​ကိုဆရာဘုဟုမ​ခေါ်ပါ။ဆရာစံဟု​ခေါ်သည်​။ကျွန်​​တော်​က ဆရာမထားထားညိုဟုသာ​ခေါ်ခဲ့သည်​။ရင်​မှမရိုးသားမှုတို့ကိုလည်းဟန်​​ဆောင်​ထားခဲ့ရသည်​။ရင်းနှီးမှုရပြီးသား တို့ကိုမဆုံးရှုံးချင်​၍ဖြစ်​ပါသည်​။ဟန်​​ဆောင်​ခြင်းကိုလူတိုင်းမကြိုက်​ကြ​သော်​လည်းလူတိုင်းသည်​ဟန်​​ဆောင်​တတ်​ ကြစမြဲမို့ဆရာမထားထားညိုအ​ပေါ်ထားမိ​သော မိမိ၏အချစ်​စိတ်​တို့ကိုယ​နေထိဟန်​​ဆောင်​ထားခဲ့ရသည်​။လုပ်​ ငန်းခွင်​တစ်​ခုတည်းတွင်​အတူလက်​တွဲလုပ်​လာရသည်​နှင့်​အမျှ ဆရာမထားထားညို၏နားလည်​တတ်​မှု၊သည်းခံမှု သွက်​လက်​ချက်​ချာမှုတို့ကို ပို၍မြင်​လာရသည်​။စကား​ပြောရာတွင်​ရိုးသားသည်​။စိတ်​​ကောင်း​စေတနာ​ကောင်းရှိ သည်​။ဤအချက်​များ​ကြောင့်​ပင်​ဆရာမထားထားညိုကိုပို၍ခင်​တွယ်​လာမိသည်​။ ကျွန်​​တော်​၏ဘု​တော​သောအ​ပြောများကိုလည်း အပြုံးဖြင့်​တုန့်​ပြန်​​နား​ထောင်​တတ်​​လေသည်​။ကျွန်​​တော်​မကြိုက်​ သည့်​အချက်​တစ်​ချက်​လည်းဆရာမထားထားညိုတွင်​ရှိ​သေးသည်​။

အ​သေးအဖွဲကိစ္စက​လေးကိုပင်​ နီးစပ်​ရာလူနှင့်​တိုင်​ပင်​ပြီးဆုံးဖြတ်​တတ်​​သေးသည်​။ကျွန်​​တော်​ကမူ ဆရာမ ထားထားညို၏ဤအကျင့်​သည်​ လိုသည်​ထက်​မပိုသင့်​​ကြောင်း မိမိကိုယ်​မိမိယုံကြည်​မှုပိုမိုထားသင့်​​ကြောင်း အချို့​နေရာများတွင်​မိမိ၏ဆုံးဖြတ်​ချက်​သည်​သာပို၍အ​ရေးပါ​ကြောင်း မကြာခဏဆိုသလို​ပြောဖြစ်​ခဲ့သည်​။

စာ​မေးပွဲစစစ်​​သော​နေ့တွင်​ဖြစ်​သည်​။နေ့လည်​အားလပ်​​နေ​သောအချိန်​၌ ဆရာ/မများအားလုံးစု​ဝေး၍ စကားစမြည်​​ပြော​နေကြသည်​။ ဆရာမထားထားညိုကစကားစသည်​။ "ဆရာစံ..." ​ပြော...ဆိုသည့်​သ​ဘောဖြင့်​ကျွန်​​တော်​သူ့ကိုကြည့်​ဖြစ်​သည်​။ "ဆရာစံ...ရွာပြန်​ရင်​ကျွန်​မတို့ရွာကတစ်​ဆင့်​သွားရမှာ​နော်​" ကျွန်​​တော်​​ခေါင်းညိတ်​ပြသည်​။ကျွန်​​တော်​ရွာပြန်​မည်​ဆိုလျှင်​ ဆရာမထားထားညိုတို့ရွာမှတစ်​ဆင့်​မြို့သို့စက်​​လှေ စီးရမည်​ဖြစ်​ပြီးမြို့ကတစ်​ဆင့်​ကျွန်​​တော်​တိုရွာဘက်​သို့​ပြေးဆွဲသည့်​လိုင်းစက်​​လှေနှင့်​ဆက်​သွားရမည်​ဖြစ်​သည်​။ "ဒါဆို ကျွန်​မတို့အိမ်​မှာတည်း​ပေါ့ ​မောင်​​လေးလည်းရှိတယ်​​လေ...အားနာဖို့မလိုပါဘူး" "​ကျေးဇူးအများကြီးတင်​ပါတယ်​ဆရာမထားထားညို" "အားနာတယ်​လို့လည်း မဟုတ်​ပါဘူး ဒီ​ကျောင်းမှာတာဝန်​စကျကတည်းက ကျွန်​​တော်​အသွားအပြန်​တည်း​တဲ့ အိမ်​ဆရာမတို့ရွာမှာရှိတယ်​​လေ...​ခေါက်​​ရေများလာ​တာနဲ့အမျှအိမ်​ရှင်​​တွေနဲ့လည်းပိုပြီးရင်းနှီး​နေပါပြီ...ပြီး​တော့ ကျွန်​​တော်​တည်းတဲ့အိမ်​ကက​လေး​တွေကလည်း ကျွန်​​တော်​ကိုခင်​​နေကြပြီ​လေ သူတို့ဆီမှာမတည်းရင်​စိတ်​​ ​ကောင်းကြမှာမဟုတ်​ဘူး။ပြီး​တော့ဒီနှစ်​​ကျောင်းပိတ်​ရင်​ကျွန်​​တော်​ပြန်​ဖြစ်​ချင်​မှပြန်​ဖြစ်​မှာပါ" "ဆရာစံကကျွန်​မ​တို့ရွာကဘယ်​သူ့အိမ်​မှာတည်းတာလဲ" "အ​မေကြီးအိတို့အိမ်​မှာပါ" "​သြော်​...သိတယ်​ကျွန်​မတို့အိမ်​နဲ့လည်းသိပ်​မ​ဝေးဘူး ဆရာစံကျွန်​မတို့အိမ်​လာလည်​​လေ" "​အောင်​မယ်​ ထားညိုကငါတို့ကျ​တော့အလည်​မ​ခေါ်ဘူး ဆရာစံဘုကိုချည်း​ခေါ်​နေတာပဲ" ဆရာမခင်​ခင်​​ကျော့ကဝင်​​နောက်​သည်​။ "အဲလိုလည်းမဟုတ်​ပါဘူးမခင်​ရဲ့ ဆရာစံနဲ့ကလမ်းကလည်းကြုံ​နေ​တော့​လေ" "ဟုတ်​ပါပြီထားညိုရယ်​ မခင်​က​နောက်​တာပါ" ဟု​ပြောရင်းဆရာမခင်​ခင်​​ကျော့ကဆရာဦး​အောင်​ကြည်​​ခေါ်သဖြင့်​​နေရာမှထသွားသည်​။ ဆရာမထားထားညိုကကျွန်​​တော်​ကိုစူးစမ်း​သောအကြည့်​မျိုးနှင့်​လှမ်းကြည့်​​တော့ကျွန်​​တော်​နှင့်​မျက်​လုံးချင်းဆုံပြီး မျက်​လွှာချသွားပြီးမှတဖန်​ပြန်​၍စကားစလာပြန်​သည်​။ "ဆရာစံနဲ့ကျွန်​မစက်​​လှေ​ပေါ်မှာပထမဆုံးဆုံဖူးတာဆရာစံမှတ်​မိလား"ဟုဆရာမထားထားညိုက​မေးသည်​။ "ဟုတ်​ကဲ့မှတ်​မိပါတယ်​" "အဲဒီ​နေ့ကမြစ်​မှာလှိုင်း​တွေအရမ်းကြီးတယ်​​နော်​...ကျွန်​မအဲဒီ​နေ့က​တော်​​တော်​​ကြောက်​ခဲ့ရတယ်​" "ဆရာမထားထားညိုကဘာကို​ကြောက်​တာလဲ" "စက်​​လှေနစ်​သွားမှာကို​ပေါ့ လှိုင်းကအရမ်းကြီးတာ​ကိုး" ဟင်း...ဟင်း.... "ဆရာစံကဘာရယ်​တာလဲ" "မဟုတ်​ပါဘူး...အဲဒီ​နေ့ကဆရာမထားထားညို ပါးစပ်​ကပွစိပွစိနဲ့ဘုရားစာ​တွေရွတ်​​နေတာပြန်​မြင်​​ယောင်​မိလို့ပါ" "အို...ဆရာစံကလဲ..​ကြောက်​လို့ရွတ်​တာ​ပေါ့"ဟုဆရာမထားထားညိုကနူတ်​ခမ်းကိုစူ၍​ပြောပါသည်​။ဤအမူအ ယာ​လေးများသည်​ပင်​ကျွန်​​တော်​ရင်​မှမြတ်​နိုးမှု​လေးများဖြစ်​​နေပါသည်​။ "​ကြောက်​တတ်​ရင်​နှစ်​ခါ​သေရတယ်​ ဆရာမထားထားညိုရဲ့... ​သေရမှာကို​သေ​လောက်​​အောင်​​ကြောက်​​နေရတာကတစ်​ခါ တစ်​ကယ်​​သေတာကတစ်​ခါ​လေ"ဟုကျွန်​​တော်​ကဆို​တော့။ "ဒါဆိုအဲဒီ​နေ့က ဆရာစံကမ​ကြောက်​ဘူး​ပေါ့"ဟုမျက်​လုံးဝိုင်း​လေးများနှင့်​ကြည့်​ရင်း​မေးသည်​။ "မ​ကြောက်​ပါဘူး ​သေ​တော့လည်းကိုယ်​တစ်​​ယောက်​တည်းမှမဟုတ်​တာပဲ"ဟုကျွန်​​တော်​​ပြော​တော့ ဆရာမထားထားညိုကရယ်​သည်​။စာ​ဖြေခန်းဝင်​ရန်​သံ​ချောင်း​ခေါက်​သံကြားသဖြင့်​ကျွန်​​တော်​တို့နှစ်​ဦးလုံး မိမိတို့တာဝန်​ကျရာစာ​ဖြေခန်းအသီးသီးသို့ထွက်​လာခဲ့ကြသည်​။ •••••••••••••••••••••••••\\•••••••••••••••••••••• တ​ပေါင်းလ၏သခွပ်​ပင်​ထက်​မှသခွပ်​ပွင့်​များကဲ့သို့အချိန်​တို့သည်​တ​ဖြေး​ဖြေး​ကြွေလွင့်​​နေ၏။နှစ်​နှစ်​ဆို​သောအချိန်​ သည်​ နှစ်​ရက်​မျှ​လောက်​နှင့်​ကုန်​ဆုံးသွားသည်​ဟုထင်​မိ​သောကျွန်​​တော်​သည်​ ဆရာမထားထားညို၏ အချစ်​ကို ရရှိလိုက်​၍ဖြစ်​မည်​ထင်​သည်​။ထိုကာလများအတွင်းဆရာမထားထားညိုကကျွန်​​တော်​ကို "ကို"ဟု​ပြောင်း​ခေါ်ခဲ့ ​သော်​လည်းကျွန်​​တော်​ကနဂို​ခေါ်မြဲအတိုင်း ဆရာမထားထားညိုဟူ၍သာ​ခေါ်ဆိုခဲ့သည်​။ကျွန်​​တော်​ဤသို့​ခေါ် သည်​ကိုဆရာမထားထားညိုကသူစိမ်းဆန်​သည်​ဟုမကြာခဏ​ပြောတတ်​​သော်​လည်း"ဆရာမထားထားညို ဆိုတဲ့အ​ခေါ်အ​ဝေါ်ထဲမှာဘယ်​စကားလုံးကိုမှချန်​မထားချင်​လို့ပါ စကားလုံးတိုင်းကကျွန်​​တော်​အတွက်​အ​ရေးပါ တယ်​​လေ"ဟုကျွန်​​တော်​​ပြော​သောအခါပြုံး​နေ​သောဆရာမထားထားညို၏မျက်​ဝန်းများသည်​​ကျေနပ်​ရိပ်​တို့ယှက်​သန်း​နေသည်​ဟုကျွန်​​တော်​ထင်​သည်​။ ကျွန်​​တော်​ရင်​၌ ဆရာမထားထားညိုအ​ပေါ်ထား​သောချစ်​ခြင်း​မေတ္တာတို့သည်​လည်းခိုင်​မြဲတွယ်​ကပ်​လွန်းသည်​မှာ မိမိဘာသာအသိဆုံး။နူတ်​မှတတွတ်​တွတ်​ ဖွင့်​ဟ​ပြောဆိုမှုမရှိ​သောမိမိဝသီအတိုင်းတဖွဖွမ​ပြောဖြစ်​​သော်​လည်း ဆရာမထားထားညိုနားလည်​နိုင်​လိမ့်​မည်​ဟုကျွန်​​တော်​ယုံကြည်​သည်​။ မုတ်​သုန်​မိုးတို့သည်​ စတင်​ဝင်​​ရောက်​ခဲ့​လေပြီ။နွေရာသီ၏ညှင်းပမ်းနှိပ်​စက်​မှု​ကြောင့်​ပူ​လောင်​ဆူ​ဝေ​နေ​သော ကမ္ဘာ​မြေကြီးမှ​မြေသင်းနံ့တို့သည်​မုတ်​သုန်​မိုးနှင့်​အတူ​လေ​ပြေတွင်​လွင့်​ပျံ့လာသည်​။စံပယ်​ဖူးတို့၏ရနံ့ထူးတို့က လည်းအလွမ်းတို့ကိုအတိုးချ​နေသည့်​အလား။မေလကုန်​ခါနီး၍ဇွန်​လဆန်း​တော့မည်​ ​နွေ၏အပူရှိန်​​အောက်​၌ အိပ်​​မောကျ​နေခဲ့​သောစာင်​​ကျောင်းများမိုးစက်​တို့နှင့်​အတူစို​ပြေသစ်​လွင်​လာ​တော့မည်​။ရင်​မှအလွမ်းတို့သည်​ ခိုနားရာရ​တော့မည်​ဆိုသည့်​အသိက ကျွန်​​တော်​ကိုလန်းဆန်းတက်​ကြွ​စေသည်​။ လိုအပ်​သည့်​ပစ္စည်းပစ္စယများသိမ်းဆည်းရင်း မနက်ြ​ဖန်​ခရီးအတွက်​ပြင်​ဆင်​ရင်းကြည်​နူး​နေမိသည်​။ ဒိုင်​ယာရီစာအုပ်​အတွင်းမျက်​နှာတွင်​ကပ်​ထားသည့်​ဆရာမထားထားညို၏ဓာတ်​ပုံ​ပေါ်မှအပြုံးကိုမျက်​​တောင်​ မခက်​စိုက်​ကြည်းရင်း မနက်​ဖြန်​ဆို​သော​နေ့ရက်​သည်​​ဝေးလွန်းလှသည်​စုလည်းထင်​မိပြန်​သည်​။ ညဉ့်​အ​တော်​နက်​သည်​အထိအိပ်​မ​ပျော်​ခဲ့။မိုးလင်းခါနီးမှမျက်​ဝန်းတို့သည်​အ​ညောင်းမိသည်​အလား​မှေးခနဲ အိပ်​​ပျော်​သွားခဲ့သည်​။ ••••••••••\\•••••••••••• ကျွန်​​တော်​အိပ်​ရာမှနိုး​သောအခါ မနက်​၇နာရီခွဲပြီဖြစ်​သည်​။အိပ်​ရာထဲမှရုတ်​တရက်​ထထိုင်​လိုက်​မိသည်​က စက်​​လှေမီ​အောင်​ပြင်​စရာများရှိ​သေး၍ဖြစ်​သည်​။လုပ်​စရာရှိသည်​များခပ်​သွက်​သွက်​လုပ်​ရင်း ​ကျောင်းဖွင့်​ချိန်​တိုင်း သွား​နေကျပုံစံဖြင့်​စက်​​လှေဆိပ်​ဆင်းခဲ့သည်​။ဒီ​ရေထရက်​ဖြစ်​၍​တော်​​သေးသည်​။ကျွန်​​တော်​တို့ရွာသည်​ဒီ​ရေထ ရက်​ဆိုလျှင်​လိုင်းဆွဲသည့်​စက်​​လှေသည်​​ရေဆန်​တိုးရသည်​။ရေ​သေရက်​များမှသာလျှင်​အစုန်​လိုက်​ရသည့်​ သ​ဘောရှိ၍ ​ရေထရက်​တွင်​စက်​​လှေသည်​အနည်းငယ်​​နောက်​ကျပြီးမှ​ရောက်​လာတတ်​သည်​။

မနက်​စာအဖြစ်​ ​ကော်​ဖီနှင့်​မုန့်​ကိုရွာစက်​​လှေဆိပ်​ကဆိုင်​တွင်​စားရင်း စက်​​လှေ​စောင့်​​နေလိုက်​သည်​။အ​တွေး တွင်​ဆရာမထားထားညို၏အပြုံးတို့သာ​နေရာယူလျက်​။ ••••••••••••\\•••••••••• မြို့​ရောက်​​တော့ဆရာမထားထားညိုနှင့်​စက်​​လှေဆိပ်​မှာပင်​ဆုံဖြစ်​သည်​။အံ့သြဝမ်းသာဖြစ်​မိသည်​က ကျွန်​​တော်​။ ရင်​နှင့်​အမျှလွမ်းရ​သောအလွမ်းတို့အတွက်​မထင်​မှတ်​​သောအချိန်​တွင်​ဆရာမထားထားညို၏မျက်​နှာကိုမြင်​ခွင့်​ရ လိုက်​ခြင်းသည်​ကံထူး၍ပင်​ဖြစ်​လိမ့်​မည်​ဟုကျွန်​​တော်​ထင်​ခဲ့သည်​။သို​သော်​ကျွန်​​တော်​အထင်​သည်​ကြာရှည်​မခံ လိုက်​​ပေ။ "ကို့..ကို​ပြောစရာရှိတယ်​" ဆရာမထားထားညိုကကျွန်​​တော်​ကိုထိုသို့​ပြောရင်းအနီးရှိသစ်​ပင်​ရိပ်​သို့​လျှောက်​သွားသည်​။ဆရာမထားထားညို ​ခေါ်ရာ​နောက်​လိုက်​ရင်း ကျွန်​​တော်​ရင်​မှသိ​လို​ဇောသည်​ ​အောင်​စာရင်းကြည်​​နေ​သော ​ကျောင်းသားတစ်​ဦးကဲ့သို့ ခံစား​နေရခြင်းကိုအံ့သြမိသည်​။ဆရာမထားထားညို၏မျက်​ဝန်းတို့သည်​ကျွန်​​တော်​နှင့်​အကြည့်​ခြင်းမဆုံဖူးသူတစ်​ ဦးလိုပင်​။ "ကျွန်​မတို့နှစ်​​ယောက်​ရဲ့ဇာတ်​လမ်းကိုဒီမှာပဲရပ်​လိုက်​ကြရ​အောင်​"ဟု​ပြောပြီးဆရာမထားထားညိုသည်​ ကျွန်​​တော့်​​ရှေ့မှ​ခြေလှမ်းမှန်​မှန်​ဖြင့်​ထွက်​ခွာသွားခဲ့သည်​။မ​မျှော်​လင့်​​သောစကားကိုမ​မျှော်​လင့်​ဘဲကြားလိုက်​ရ ခြင်းသည်​သတင်းစာထဲမှအသိတစ်​​ယောက်​နာ​ရေး​ကြော်​ငြာဖတ်​မိသကဲ့သို့ ကျွန်​​တော်​ရင်​သည်​တဆတ်​ဆတ်​ ခုန်​လျက်​။ •••••••••••••\\••••••••••••• မိုး​ရေစက်​တို့သည်​ကျွန်​​တော်​မျက်​နှာ​ပေါ်သို့သက်​ဆင်းလျက်​။ဝသန်​ဦး၏မိုးစက်​ပွင့်​တို့သည်​ကား ရင်​မှအပူကို ​အေးချမ်း​စေရန်​မစွမ်းသာခဲ့​လေပြီ။ကျွန်​​တော်​မျက်​လုံးပြန်​ဖွင့်​လိုက်​မိချိန်​တွင်​ အသည်းကွဲခင်းကိုအဓိပ္ပါယ်​သတ်​ မှတ်​ဖို့အ​ပြေးအလွှားအ​ဖြေရှာမိသည်​။သူငယ်​ချင်းတစ်​ဦးတစ်​​ယောက်​အနားမှာရှိလျှင်​​ကောင်းမည်​ သို့​သော်​ယခု မရှိ။အရက်​​သောက်​ချင်​စိတ်​​ပေါ်လာသည်​။ထိုင်​ရာမှထလိုက်​သည်​။သို့​သော်​ကျွန်​​တော့်ခြေလှမ်းတို့ကအရက်​ ဆိုင်​ရှိရာသို့ဦးတည်​​နေခြင်းကားမဟုတ်​။နီးစပ်​ရာကွမ်းယာဆိုင်​ဝင်​ရင်းကွမ်း၂၀၀ဖိုးဝယ်​သည်​။ဆေးရွက်​ကြီးအ များကြီးထည့်​ခိုင်းသည်​။ကွမ်းယာ​ရောင်း​သော​ကောင်​မ​လေးကကျွန်​​တော့်​ကိုမယုံသလိုကြည့်​​နေသည်​။ကွမ်းယာ​ ​နေစဉ်​ပင်​တစ်​ယာ​တောင်းယူ၍ကျွန်​​တော်​ဝါးလိုက်​သည်​။ကွမ်းတံ​တွေးမ​ထွေးပဲအရည်​ကိုမျိုချလိုက်​သည်​။ ကွမ်းရည်​ကိုနှစ်​ခါမမျိုလိုက်​ရ။ကမ္ဘာကြီးချာချာလည်​​လေပြီ။ကျွန်​​တော်​ကိုယ်​မှ​ဇော​ချွေးများပြန်​လာသည်​။ဆရာမ ထားထားညို၏စွန့်​ပစ်​ခြင်း​ခံရ​သော​ဝေဒနာထက်​ကွမ်းမူးခြင်း​ဝေဒနာကကျွန်​​တော်​အားနှိပ်​စက်​​လေပြီ။နီးစပ်​ရာ သစ်​ပင်​​ခြေရင်းကိုမှီထိုင်​ရင်း ကျွန်​​တော်​၏အသဲကွဲုခင်းသည်​​ငွေကုန်​​ကြေးကျအလွန်​သက်​သာပြီး ကျွန်​​တော်​ပြန်​ခဲ့ ​သော​ဇော​ချွေးများနှင့်​​ရော​နှောထွက်​ခွာသွားသည်​။ •••••••••••••\\••••••••••••​ ​နောက်​ပိုင်းကျွန်​​တော်​ကြားသိရသည်​မှာ ဆရာမထားထားညိုသည်​ အိမ်​ကစီစဉ်​​သောနိုင်​ငံခြားပြန်​တစ်​ဦးနှင့်​ဧပြီလကုန်​ပိုင်း​လောက်​ကပင်​လက်​ထပ်​ခဲ့ခြင်း ဖြစ်​​ကြောင်း၊ကျွန်​​တော်​နှင့်​ဆုံသည့်​​နေ့က ကျွန်​​တော်​ကိုလမ်းခွဲစကား​ပြောသည်​ကို သူ့အမျိုးသားကအခြားတစ်​​နေရာမှကြည့်​​နေ​ကြောင်း၊ ကျွန်​​တော်​နှင့်​အ​ကြောင်းအားသူ့အမျိုးသားကိုပွင့်​ပွင့်​လင်းလင်း​ပြောပြီး၍ ထို့​​နေ့ကသူတို့နှစ်​ဦးကြားပြသာနာတစ်​စုံတစ်​ရာမရှိ​ကြောင်း။ ••••••••••••••••••••\\••••••••••••••••• ကျွန်​​တော်​အသဲကွဲသည့်​​နေ့ကရွာ​နေ​သောမိုးစက်​တို့သည်​ ယခုအခါ ​ငွေ့ရည်​ဖွဲ့​လေမည်​လား... မိုးအဖြစ်​ရွာ​နေမည်​လား... အခိုးအ​ငွေ့အဆင့်​မှာပင်​ရှိ​နေမည်​လား...မ​ပြောတတ်​​ပေ။ ယခုအခါဇွန်​လဆန်းတိုင်းမိုးရွာလျှင်​ကျွန်​​တော့်​တပည့်​​လေးများကိုသတိရသကဲ့သို့ဆရာမထားထားညိုကိုလည်း သတိရသည့်​အခါများရှိသည်​။ကျွန်​​တော်​ကြာကြာအသဲမကွဲလိုက်​ရခြင်းသည်​အချစ်​စစ်​မမည်​၍​တော့မဟုတ်​​ပေ။ ဘဝသည်​​ပြောင်းလဲခြင်းဟုဆိုပါလျှင်​ အရာရာသည်​​ပြောင်းလဲခဲ့​ပေမည်​။ကျွန်​​တော်​သည်​လည်း​ကောင်း.... ဆရာမထားထားညိုသည်​လည်း​ကောင်း..... သတ္တဝါတိုင်းသည်​လည်း​ကောင်း...... အရာဝတ္ထုတိုင်းသည်​လည်း​ကောင်း....​ပြောင်းလဲ​နေမည်​သာဖြစ်​သည်​။ ​ပြောင်းလဲဖို့အတွက်​ အချိန်​တစ်​ခုသာလိုပါသည်​။

                                                                                                ဇန်​လူ​နှောင်း

အမည်​ရင်း.ဦး​ဇော်​မင်းနိုင်​ အခြားက​လောင်​ခွဲများ.ရွန်းအိမ်​ ပိုး​အောင်​၊ပန်းသီကြိုး(ရ​သေ့​တောင်​)၊​မောင်ြ​ဗူး(​ကျောက်​တန်း)